မုံရွာမြို့ ပြဿာဒ်ကျောင်းဝန်းအတွင်း ဖမ်းဆီးခံရသူ ၃၂ ဦးထဲက ၂၈ ဦး ပြန်လည်လွတ်မြောက်လာ
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာမြို့ရှိ ပြဿာဒ်ကျောင်းဝန်းအတွင်း ဖမ်းဆီးခံရသူ ၃၂ ဦးရှိခဲ့ပြီး အဲ့ဒီ့ထဲက ၂၈ ဦး မတ်လ ၁၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်း၏ ပြောကြားချက်အရ သိရပါတယ်။