ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံ အမြောက်တပ်ရင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ

ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံ အမြောက်တပ်ရင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ
Published 19 March 2021

ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာရှိ နယ်မြေခံ အမြောက်တပ်ရင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးတိုက်နယ်၊ ဘောနတ်ကြီးကျေးရွာအုပ်စု၊ ဘောနတ်ကြီးကျေးရွာမှာရှိတဲ့ နယ်မြေခံတပ်ရင်းကို မတ် ၁၈ ရက် နံနက်အစောပိုင်းက ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးဘေး၊ ဝါးကတုတ်ဆည်ပေါ်နဲ့ အနီးပတ်ဝန်းကျင်တစ်ဝိုက်ကနေ နှောင့်ယှက်ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။