မြန်မာ့အရေးအတွက် အာဆီယံအဆင့်မြင့်အစည်းအဝေးထပ်မံခေါ်ယူရန် အင်ဒိုနီးရှားသမ္မတတောင်းဆို
မြန်မာနိုင်ငံမှာ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့နဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက မတ် လ ၁၉ ရက်မှာ တောင်းဆိုလိုက်ကာ မြန်မာနိုင်ငံအရေးဆွေးနွေးဖို့ အာဆီယံအဆင့်မြင့် အစည်းအဝေးတစ်ရပ် ထပ်ခေါ်ပေးဖို့ လည်း အာဆီယံခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။