NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟု သတ်မှတ်ထား

NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟု သတ်မှတ်ထား
Published 19 March 2021

ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အမှုကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမည်ဟု သတ်မှတ်ထား

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ အမှုကို ရက်ပေါင်း ၁၈၀ အတွင်းစစ်ဆေးမှာဖြစ်တယ်လို့ သတ်မှတ်ထားပြီး လာမယ့် ရုံးချိန်းကို ဧပြီ ၂ ရက်သို့ ပြန်လည်ချိန်းဆိုထားတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက ပြောကြားပါတယ်။