စစ်ရေးပူးပေါင်းမှုတိုးမြှင့်ရန် အမေရိကန်-အိန္ဒိယသဘောတူ
အိန္ဒိယကိုရောက်ရှိလာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ဟာ မတ်လ ၂၀ ရက်နေ့က အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh နဲ့ မြို့တော်နယူးဒေလီမှာတွေ့ဆုံပြီး နှစ်နိုင်ငံကာကွယ်ရေးနဲ့ စစ်ရေးပူးပေါင်းမှုတွေ တိုးမြှင့်ဖို့သဘောတူခဲ့ပါတယ်။