မိတ္တီလာမြို့ရှောင်လမ်းဘေးတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သစ်တောဝန်ထမ်းတစ်ဦးအား ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ
မတ် ၂၂ ရက်က မိတ္တီလာမြို့နယ် မောက်လောက်ကျေးရွာအုပ်စု မြို့ရှောင်လမ်းဘေး အနောက်ဘက် လယ်ကွင်းအတွင်းမှာ မိတ္တီလာခရိုင် မှုခင်းနှိမ်နှင်းရေးဌာနစိတ်မှ ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ မိတ္တီလာခရိုင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတို့ကို ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။