သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားသည့် အမှုများကို လိုက်ပါဆောင်ရွက်ရန် လူငယ်ရှေ့နေ နှစ်ဦး ပါဝါရရှိ
တရားစွဲဆိုခြင်းခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ကို တရားစွဲဆိုထားတဲ့ အမှုများနှင့်ပတ်သက်ပြီး ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်(ပါဝါ)ကို လူငယ်ရှေ့နေ နှစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးနှင့် အထက်တန်းရှေ့နေ ဦးယုယချစ်တို့ ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။