ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်လာမည့် ဗီယက်နမ်က မြန်မာ့အရေးဆွေးနွေးရန် အသင့်ဟုဆို
မြန်မာနိုင်ငံအရေးကို သင့်တော်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ အခြားအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆွေးနွေးဖို့ အသင့်ရှိ နေတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လစ်သီသူဟန်က မတ်လ ၂၅ ရက်နေ့ က ပြောပါတယ်။