ဖြူးမြို့တွင် ဖမ်းဆီးခံထားရသူအားပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုစဉ် ပစ်ခတ်ဖြိုခွဲခံရ

ဖြူးမြို့တွင် ဖမ်းဆီးခံထားရသူအားပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုစဉ် ပစ်ခတ်ဖြိုခွဲခံရ
Published 27 March 2021

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံခဲ့ရတဲ့လူငယ်တစ်ဦးကို ပြန်လွှတ်ပေးဖို့ မြို့ခံပြည်သူတွေက မတ် လ ၂၅ ရက်နေ့ ညပိုင်းက ဆန္ဒပြတောင်းဆိုမှုကို ပစ်ခတ်ဖြိုခွဲခဲ့စဉ်အတွင်း တောင်ငူတက္ကသိုလ် (အဝေးသင်) ဒုတိယနှစ် ကျောင်း သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။