မြန်မာ့ CDM လှုပ်ရှားမှုကို ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းသွင်း
နော်ဝေနိုင်ငံ၊ အော်စလိုတက္ကသိုလ်ရဲ့ လူမှုရေးသိပ္ပံဆိုင်ရာပါမောက္ခခြောက်ဦးက မြန်မာနိုင်ငံရဲ့ အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) ကို ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းလိုက်တယ်လို့ သိရပါတယ်။