မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးဆိုင်ရာဆက်ဆံမှုအားလုံးကို အမေရိကန် ဆိုင်းငံ့
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရတစ်ရပ် အာဏာပြန်မရမချင်း ၂၀၁၃ ခုနှစ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်အရ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုအားလုံးကို ချက်ချင်းဆိုင်းငံ့သွားမယ်လို့ အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်က မတ်လ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။