ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်နေရာနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဗြိတိန် လက်ခံမည်
ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်းရဲ့ တာဝန်ပြီးဆုံးတဲ့အကြောင်း လန်ဒန်မြန်မာသံရုံးက ဧပြီလ ၇ ရက် နေ့စွဲနဲ့ ဗြိတိန်နိုင်ငံခြားရေးရုံးကို တရားဝင် အကြောင်းကြားလိုက်ပြီးတဲ့နောက် ဧပြီလ ၈ ရက်မှာ ဗြိတိန်ဘက်က ဦးကျော်စွာမင်းကို ဆက်ပြီး အသိအမှတ်ပြုနိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုချက် ထွက်လာပါတယ်။