မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေးသို့ ထိုင်းဝန်ကြီးချုပ် တက်ရောက်တော့မည် မဟုတ်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြ
ဧပြီ ၂၄ ရက်မှာ မြန်မာ့အရေးအတွက် ပြုလုပ်မယ့် အာဆီယံထိပ်သီး အစည်းအဝေးကို မတက်တော့ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဆုံးဖြတ်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီးပဲ လွှတ်တော့မယ်လို့ ထိုင်းအစိုးရ သတင်းရင်းမြစ်တစ်ခုက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ဘန်ကောက်ပိုစ်သတင်းစာက ဖော်ပြခဲ့ပါတယ်။