ဧပြီလ ၂၁ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ CDM လှုပ်ရှားမှုများနှင့် ပတ်သက်၍ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်များအား နိုင်ငံကူးလက်မှတ်များ ပယ်ဖျက်ခြင်းနှင့် သက်ဆိုင်ရာဌာနများတွင် Black List အမည်ပျက်စာရင်း ရေးသွင်းမည်ဖြစ်ကြောင်း ထုတ်ပြန်
■ ယူနန်အစိုးရဘက်မှ COVID-19 ရောဂါ အကြောင်းပြ၍ ကုန်တင်ယာဉ်ဝင်ထွက်မှု စည်းကမ်းများ ထုတ်ပြန်မှုကြောင့် တရုတ် သစ်သီးဈေးကွက်ကို အားကိုးရောင်းဝယ်နေသည့် မြန်မာတောင်သူများ ဆုံးရှုံးနစ်နာနေ
■ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး၌ အပြုသဘောဆောင်လျက် ပါဝင်ရေးအတွက် အာဆီယံကို ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောကြား