နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရေးနှင့်ပတ်သက်၍ အာဆီယံက မြန်မာ့အရေးထုတ်ပြန်ချက် ကို ပြောင်းလဲထားဟုဆို
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးမတိုင်ခင် တစ်ရက်အလိုမှာ ကြေညာချက် အကြမ်း ပျံ့နှံ့ခဲ့ပြီး အဲ့ဒီကြေညာချက်အကြမ်းမှာ ဘုံသဘောတူညီချက်ငါးချက်ထဲက တစ်ချက်ဖြစ် တဲ့ နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ပေးရေးဆိုတဲ့ အချက်ပါဝင်ခဲ့တယ်လို့အဆိုပါကြေညာချက်ကိုသိနေတဲ့ သတင်းအရင်းအမြစ်သုံးခုကပြောကြားကြောင်းရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။