ဒီရစ်ဒါကို ပေါက်ကွဲအားနဲ့ အောင်လအန်ဆန် ရှုံးကြွေး ဆပ်နိုင်မလား

ဒီရစ်ဒါကို ပေါက်ကွဲအားနဲ့ အောင်လအန်ဆန် ရှုံးကြွေး ဆပ်နိုင်မလား
Published 28 April 2021

ဒီရစ်ဒါကို ပေါက်ကွဲအားနဲ့ အောင်လအန်ဆန် ရှုံးကြွေး ဆပ်နိုင်မလား

အောင်လအန်ဆန်အတွက် ဒီတစ်ကြိမ်ထိုး သတ်ရမယ့်ပွဲက အရင်ပွဲတွေထက် ဖိအားတွေပို နေတာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ ပရိသတ်တွေရဲ့ သူ့အပေါ် မျှော်လင့်ထားမှုက ဒီ တစ်ကြိမ် တော်တော်ကြီးမားနေတာ တွေ့ရတယ်။ ပထမတစ်ချက်က မနှစ်က အောက်တိုဘာမှာ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အမှတ်မထင် ရှုံးနိမ့်ခဲ့ရတာကြောင့်ဖြစ်တယ်။ 

အောင်လအန်ဆန်အတွက်ကတော့ ဒီပွဲက ဖိအားတွေအောက်မှာ ထိုးသတ်ရမယ့်ပွဲ ပါပဲ။ MMA ရဲ့ တစ်ဦးတည်းသော ချန်ပီယံခါးပတ် (၂)ဆုရှင် အနေအထားကနေ မစ်ဒယ်ဝိတ်တန်း ခါးပတ်ကို စွန့်လွှတ်ခဲ့ရပြီးပြီ။ အခု နောက်ထပ် ခါးပတ်တစ်ခုကို မစွန့်လွှတ်ရဖို့ အစွမ်းကုန်ကာ ကွယ်ရတော့မယ်။ ဒီရစ်ဒါကို ပထမတစ်ကြိမ် ရှုံး ခဲ့ရလို့ ပရိသတ်အပေါ် တင်သလိုဖြစ်သွားတဲ့ အ ကြွေးကို ဒီပွဲမှာ ပြန်ဆယ်ယူရမယ်။  ရှေ့ကရှုံးကြွေးအတွက် ပေါက်ကွဲမှု အားနဲ့ အနိုင်ယူပြဖို့ လိုနေတယ်။ အရေးကြီးဆုံး ကတော့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် အောင်ပွဲကို ယူဆောင်ပေးဖို့ပဲ....

Most Viewed

Most Recent