ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအန္တရာယ်ရှိနေသော်လည်း ဖွံ့ဖြိုးဆဲအာရှတွင် စီးပွားရေးပြန်ကောင်းလာမည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်ခန့်မှန်း
ခိုင်မာတဲ့ကမ္ဘာ့စီးပွားရေးနာလံထူမှု မျှော်မှန်းချက်တွေ၊ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေကို ကျောထောက် နောက်ခံထားလျှက် ဖွံ့ဖြိုးဆဲအာရှရဲ့ အခုနှစ်မျှော်မှန်းထားတဲ့စီးပွားရေး အကောင်းဘက်ပြန်ရောက်မှုဟာ ယခင်ထင်ထား တာထက် ပိုမိုအားကောင်းနိုင်တယ်လို့ဧပြီ၂၇ရက်မှာ အာရှဖွံ့ဖြိုးရေး ဘဏ်ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။