၂၆ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင်ကျပ်သိန်းငါးထောင်တစ်ဆုနှင့်ကျပ်သိန်းတစ်ထောင်တစ်ဆုသာ ပါဝင်
မေ ၁ ရက်တွင်ဖွင့်လှစ်မည့် ၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင်တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင်တစ်ဆုသာ ပါဝင်
(၂၆) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် အထူးဆုကြီးစနစ်မှာ ကျပ်သိန်းငါးထောင် တစ်ဆုနဲ့ ကျပ်သိန်းတစ်ထောင်တစ်ဆုသာ ပါဝင်တယ်လို့ ဧပြီ ၃၀ ရက်မှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။