လိုက်ဟဲဗီးဝိတ်တန်းပွဲ ထိုးသတ်တော့မည်မဟုတ်ဘဲ မစ်ဒယ်ဝိတ်တန်းပွဲသာဦးစားပေးထိုးသတ်မည်ဟု အောင်လအန်ဆန်အတည်ပြု
မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု လက်လွှတ်ဆုံးရှုံးရပြီး နောက် ထပ်မံထိုးသတ်မယ့်ပွဲတွေမှာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်တွေကိုသာ ဦးစားပေး ထိုးသတ်သွားမယ်လို့ အတည်ပြုပြော ကြားခဲ့ပါတယ်။