နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘောတူထားသည့် ဘုံသဘောတူညီချက်များကို တာဝန်ခံစေရေး ထိန်းသိမ်းပေးရန် အမေရိကန်က အာဆီယံဥက္ကဋ္ဌကို ဖိအားပေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မေလ ၃ ရက်နေ့က လန်ဒန်မြို့မှာ တွေ့ဆုံကာ လွန်ခဲ့တဲ့လက ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲမှာ သဘောတူထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။