အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရန်ကုန်မှာ စွဲဆိုထားသည့်အမှုအတွက် ရှေ့နေနှင့် လူချင်းတွေ့ဆုံခွင့်ရရန် လျှောက်ထားမှု မေ ၂၀ ရက်တွင် အမိန့်ချမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ နဲ့ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ရှေ့နေဖြစ်သူတို့ လူချင်းတွေ့ဆုံပြီး Instructions ရယူနိုင်ဖို့ မေလ ၆ ရက်နေ့က ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်တရားရုံးမှာ လျှောက်လဲချက်ပေးခဲ့တယ်လို့ သိရပါတယ်။