ဖာနန်ဒင်ဟိုရဲ့ ချိုမြနေမယ့်အတိတ်တွေ
အောင်ပွဲတွေကို မငြီးငွေ့ဘူးလားလို့ မေးကြည့်တဲ့အခါ ဖာနန်ဒင်ဟို ခေါင်းခါလိမ့်မယ်။ ပြီးတော့ ရှုံးနိမ့်ရတာထက်စာရင် အောင်ပွဲတွေဟာ ပိုမကောင်းဘူးလားလို့ ပြန်မေးလိမ့်မယ်။ ဆုဖလားအောင်မြင်မှုတိုင်းမှာ ကိုယ်ပိုင်ရနံ့တစ်မျိုးဆီ ရှိတယ်လို့ ဖာနန်ဒင်ဟို တင်စားတယ်။ အောင်ပွဲတွေဟာ အနာဂတ်ကို ရင်ဆိုင်ဖို့အတွက် စွမ်းအင်ပါပဲ။ ဒါကို ဖာနန်ဒင်ဟို ယုံကြည်တယ်။
ဂွါဒီယိုလာဟာ ဘောလုံးလောကရဲ့ တော်လှန်ရေးသမားပဲလို့ ဖာနန်ဒင်ဟို ယုံကြည်တယ်။ ဘာစီလိုနာတစ်ခေတ်ကို တည်ထောင်ပေးပြီးနောက် မန်စီးတီးတစ်ခေတ်ကို တည်ထောင်ပေးချင်သူလည်းဖြစ်ပြန်တယ်။ ပွဲမတိုင်မီမှာသာမကဘဲ ပွဲချိန်အတွင်းမှာပဲ ကစားသမားတွေကို အကောင်းဆုံးညွှန်ကြားပေးနိုင်သူဟာ ဂွါဒီယိုလာပါပဲ။