ကနီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်တိုင်းဒေသကြီး၊ကနီမြို့နယ်အတွင်း တပ်မတော်နဲ့ ဒေသခံတူမီးလက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအများအပြားမှ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။