မော်လ်ဒိုက်သမ္မတဟောင်းကိုဗုံးခွဲလုပ်ကြံခဲ့သည့်တရားခံများကို ဖမ်းမမိသေး
လတ်တလောဗုံးခွဲတိုက်ခိုက်ခံထားရတဲ့ မော်လ်ဒိုက်နိုင်ငံသမ္မတဟောင်း မိုဟာမက်နက်ရှီးဒ် ဟာ မေလ ၈ရက်နေ့မှာ အထူးကြပ်မတ်ဆောင်ထဲ ဆက်လက်ရှိနေပြီး တိုက်ခိုက်မှုကျူးလွန်သူတွေကိုမမိသေးတဲ့အတွက် လုံခြုံရေးတပ်တွေကအရှိန်မြှင့်ရှာဖွေနေပါတယ်။