ဘုရားသုံးဆူမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ မေလ ၉ ရက်မနက် ၆ နာရီခန့်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။