မြန်မာအရေးအတွက် အမေရိကန်နှင့်တရုတ် ဘုံသဘောထားတစ်ရပ် ရှာနိုင်မည်ဟု စကော့မာစီရယ် ပြောကြား

မြန်မာအရေးအတွက် အမေရိကန်နှင့်တရုတ် ဘုံသဘောထားတစ်ရပ် ရှာနိုင်မည်ဟု စကော့မာစီရယ် ပြောကြား
Published 11 May 2021

မြန်မာအရေးအတွက် အမေရိကန်နှင့်တရုတ် ဘုံသဘောထားတစ်ရပ် ရှာနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ် ပြောကြား

သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ အစမကောင်းခဲ့ပေမယ့် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်စေဖို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဘုံသဘောထားတစ်ရပ်ကို ရှာနိုင်ကြမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က ပြောကြားခဲ့ပါတယ်။