မြောက်ကိုရီးယားအရေး ဆောင်ရွက်ချိန်တိုင်ပြီဟု သမ္မတ သက်တမ်း တစ်နှစ်သာ ကျန်တော့သည့် တောင်ကိုရီးယားသမ္မတ ပြော
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သူ့ရဲ့ကျန်ရှိနေတဲ့ သမ္မတသက်တမ်း နောက်ဆုံးတစ်နှစ်ဟာ မြောက်ကိုရီးယားနဲ့ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နောက်ဆုံး အခွင့်အလမ်းအဖြစ် သူမြင်တယ်လို့ မေ ၁၀ ရက်က မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။