ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သည့် ဂျာမနီ ကာကွယ်ဆေးကုမ္ပဏီ ဘိုင်အွန်တက်ခ်က စင်ကာပူတွင် ကာကွယ်ဆေးစက်ရုံ တည်ဆောက်မည်
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ ဂျာမနီကာကွယ်ဆေးကုမ္ပဏီ BioNTech က အရှေ့တောင်အာရှ ရုံးချုပ်ကို စင်ကာပူမှာ လာစိုက်မှာဖြစ်ပြီး စက်ရုံတစ်ခုလည်း တည်ဆောက်မယ်လို့ မေလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။ စက်ရုံတည်ဆောက်မှုကို ဒီနှစ်ထဲမှာပဲ စတင်မှာဖြစ်ပြီး၂၀၂၃ ခုနှစ်မှာ စတင် လည်ပတ်နိုင်လိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။