အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက် ရန်ရှိနေ

အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက် ရန်ရှိနေ
Published 11 May 2021

လာမည့်သီတင်းပတ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက် ရန်ရှိနေ

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုဖို့အတွက် အရှေ့ တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်တန်း တာဝန်ရှိသူတွေဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား သတင်းဌာန တစ်ခုဖြစ်တဲ့ Arirang က ဖော်ပြခဲ့ပါတယ်။