တပ်မတော်နှင့် ဆက်နွှယ်နေသည်ဆိုသော Sule Square အဆောက်အဦတွင် ရုံးခန်းငှားရမ်းထားသည့် နိုင်ငံတကာကုမ္ပဏီအချို့ နေရာရွှေ့ပြောင်း

တပ်မတော်နှင့် ဆက်နွှယ်နေသည်ဆိုသော Sule Square အဆောက်အဦတွင် ရုံးခန်းငှားရမ်းထားသည့် နိုင်ငံတကာကုမ္ပဏီအချို့ နေရာရွှေ့ပြောင်း
Published 13 May 2021

တပ်မတော်ပိုင် မြေနေရာမှာ တည်ဆောက်ထားတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ ရန်ကုန်မြို့ရှိ Sule Square အဆောက်အဦးမှာ ရုံးခန်းငှားရမ်း ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းကြီး တချို့ဟာ နေရာရွှေ့ပြောင်းနေကြပြီး တချို့ကတော့ ဆက်ငှား၊ မငှား ပြန်လည်သုံးသပ်နေတယ်လို့ ၎င်းကုမ္ပဏီတွေရဲ့ အဆိုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။