အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ရက်ဆက်တိုက် လေးထောင်ကျော်ရှိခဲ့

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ရက်ဆက်တိုက် လေးထောင်ကျော်ရှိခဲ့
Published 13 May 2021

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေဟာ နှစ်ရက်ဆက်တိုက် လေးထောင်ကျော် ရှိခဲ့တယ်လို့ အာဏာပိုင်တွေက မေလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကူးစက်သူ ဦးရေကတော့ လေးရက်ဆက်တိုက် လေးသိန်းအောက်မှာ ရှိနေပေမယ့် ဆေးစစ်မှုတွေနည်းပါးတဲ့ ကျေးလက်ဒေသတွေအထိပါ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့နေပြီ ဖြစ်တယ်လို့ သိရပါတယ်။