တတိယမြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုဟာ ဂွါဒီယိုလာအတွက် အောင်မှတ်ဖြစ်ပြီး ချန်ပီယံလိဂ်အောင်မြင်မှုဟာ ဂုဏ်ထူးမှတ်ပါပဲ။
(၅) နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလား (၃)ကြိမ် ဆွတ်ခူးနိုင်ခဲ့လို့ ပြည်တွင်းမှာ မန်စီးတီးရဲ့လွှမ်း မိုးမှုဟာ အားကောင်းမောင်းသန်စီးဆင်းနေပါပြီ။ ချန်ပီယံလိဂ်အောင်မြင်မှု ငတ်မွတ်ခြင်းဝေဒနာကိုရော ဂွါဒီယိုလာ ကုစားပေးနိုင်မလား။
ဂွါဒီယိုလာက ဘာစီလိုနာတစ်ခေတ်တည်ထောင်ပေးပြီးနောက် မန်စီးတီးတစ်ခေတ်ကို ထပ်ပြီးဖန်ဆင်းချင်နေတယ်။