ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် NLD ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အား သီးသန့်တရားရုံးတွင် ယနေ့ ရုံးထုတ် စစ်ဆေး
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာ ပတိအဖွဲ့ဝင် ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်အနီးမှာရှိတဲ့ သီးသန့်တရားရုံးမှာ ဒီကနေ့ (မေ ၁၄ ရက်) မှာ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူကို စတင်စစ်ဆေးခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။