တရုတ်နိုင်ငံ၏ ပြည်နယ်နှစ်ခုတွင် လေဆင်နှာမောင်း တိုက်ခတ်မှုများကြောင့် ခုနစ်ဦးသေဆုံးကာ ရာနှင့်ချီ ထိခိုက်ဒဏ်ရာရ
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့နဲ့ အရှေ့ပိုင်း ကျန်ဆု ပြည်နယ်ရှိ မြို့တစ်မြို့တို့မှာ လေဆင်နှာမောင်း တိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူခုနစ်ဦး သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကာ နေအိမ်တွေနဲ့ အဆောက်အအုံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။