ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့်အစား ဆင်းရဲတဲ့နိုင်ငံတွေကို ကာကွယ်ဆေးတွေလှူပေးကြဖို့ WHO အကြီးအကဲတောင်းဆို
ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ကလေးသူငယ်တွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာတွေရပ်ပြီး အဲဒီအစားကာကွယ်ဆေးတွေကို ဆင်းရဲတဲ့နိုင်ငံတွေဆီလှူပေးကြဖို့ WHO က မေလ ၁၄ ရက်မှာမေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။