ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်းနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံတွင် နေ့အလိုက် လူသေဆုံးမှု စံချိန်တင်
ကူးစက်မှု တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံး စံချိန်တင်ခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး အကျဉ်းထောင်တွေမှာလည်း အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။