■ မန်ချက်စတာယူနိုက်တက်အတွက် ဆိုးလ်ရှားယူပေးမယ့် ပထမဆုံးအောင်မြင်မှုလား

■ မန်ချက်စတာယူနိုက်တက်အတွက် ဆိုးလ်ရှားယူပေးမယ့် ပထမဆုံးအောင်မြင်မှုလား
Published 25 May 2021

မန်ချက်စတာယူနိုက်တက်အတွက် အရေးပါဆုံးတိုက်ပွဲဟာ စောင့်ကြိုနှင့်နေပြီ။ ဖလားလက်မဲ့အဖြစ်ဆိုးကနေ လွတ်ကင်းစေမယ့် စိန်ခေါ်ပွဲက စောင့်ကြိုနှင့်နေပြီ။ ဗီလာရီးယဲလ်နဲ့ စီးချင်းထိုးရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲပါပဲ။ ဆီမီးဖိုင်နယ် ကျိန်စာဆိုးကနေ လွတ်မြောက်ခါစ ဆိုးလ်ရှားအတွက် သိဒ္ဒိတင်ပေးမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲပါပဲ။

ယူရိုပါလိဂ်ဟာ ဆိုးလ်ရှားနဲ့အတူ သွားမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ခေတ်သစ်အစဂုဏ်ယူဖွယ်ရာအဆင်တန်ဆာဖြစ်လာမလား။ ဒါမှမဟုတ် ယူရိုပါလိဂ် ဘုရင် အူနိုင်းအမ်မရီကို အညံ့ခံရပြီး ဖလားလက်မဲ့ရာသီ ထပ်ကြုံရပြီး မန်ချက်စတာယူနိုက်တက် မျက်နှာငယ်ရဦးမလား။