ထိုင်ဝမ်ကို နိုင်ငံအဖြစ်ပြောခဲ့သည့်အတွက် အမေရိကန် နပန်းသမားနှင့်သရုပ်ဆောင်ဂျွန်ဆီးနား တရုတ် ပရိသတ်များကို တောင်းပန်
နောက်ဆုံးရုပ်ရှင်ဇာတ်ကား "Fast & Furious 9" အရောင်းမြှင့်တင်ရေးအတွက်ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ်သုံးနှုန်းခဲ့တဲ့အတွက် အမေရိကန်နာမည်ကျော် နပန်းသမားနဲ့ သရုပ်ဆောင်ဂျွန်ဆီးနားဟာ မေ၂၅ရက်မှာ တရုတ်ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။