NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အမှုအတွက် သက်သေခံတင်သွင်းမှုကို ကန့်ကွက်ထားခြင်းအပေါ် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်အမှုနဲ့ ပတ်သက်ပြီး တရားဘက်လိုဘက်က သက်သေခံတင်သွင်းမှုအပေါ် ကန့်ကွက်ထားတာကို နှစ်ဖက်ရှေ့နေတွေက မေလ ၂၈ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။