အိပ်မက်ကိုယ်စီအတွက် ဂွါဒီယိုလာနဲ့ တူဟယ်လ် အပြိုင်ရုန်းကန်ကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ

အိပ်မက်ကိုယ်စီအတွက် ဂွါဒီယိုလာနဲ့ တူဟယ်လ် အပြိုင်ရုန်းကန်ကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ
Published 29 May 2021

အိပ်မက်ကိုယ်စီအတွက် ဂွါဒီယိုလာနဲ့ တူဟယ်လ် အပြိုင်ရုန်းကန်ကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ

မန်စီးတီးက ဒီရာသီ၊ အသင်းကြီးတွေနဲ့ ပွဲတွေမှာ ပြိုင် ဘက်အသင်းအပေါ် မူတည်ပြီး ၄-၂-၃-၁ သို့မဟုတ်၊ ၄-၃-၃ နဲ့ ကစားလေ့ရှိတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲကြီးနှစ်ပွဲကိုကြည့် ရင် PSG နဲ့ ပွဲတုန်းက ၄-၃-၃ ကို သုံးခဲ့ပြီး၊ ချယ်လ်ဆီးကို ရှုံးခဲ့ တဲ့ FA ဖလားပွဲတုန်းကတော့ ၄-၂-၃-၁ ကိုသုံးခဲ့တာတွေ့ရ တယ်။ ချယ်လ်ဆီးကို ရှုံးခဲ့တုန်းက ဂွါဒီယိုလာရဲ့အသင်း အဓိက ပြဿနာတက်ခဲ့တာက Press ကို ထိထိရောက်ရောက်မလုပ် နိုင်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးရဲ့ ကွင်းလယ်လူတွေက နောက်တန်းအထိ ဆင်းပေးပြီး ခံစစ်ကစားသမားတွေနဲ့ တစ်တန်းတည်းနီးပါး ဘောလုံးဆင်းတောင်းခဲ့တယ်။

Most Viewed

Most Recent