မေလ ၂၉ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ ရန်ကုန်မြို့၌ အမျိုးသား၊ အမျိုးသမီး ၂၃ ဦးအား ပစ္စတိုသေနတ်သုံးလက် အပါအဝင် လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိဟု ထုတ်ပြန်
■ မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမားနှစ်ဦး ပြန်လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တောင်းဆိုထား
■ မြန်မာနိုင်ငံတွင် နှစ်စဉ်ဘေးအန္တရာယ်ကို ကျရောက်မှုကို ဆန်းစစ်ရာတွင် မီးဘေး၊ရေလွှမ်းမိုးခြင်း အပါအဝင် အမျိုးအစား ကိုးမျိုးကြောင့် ဖြစ်ပွားနေသည်ကို တွေ့ရပြီး ရာခိုင်နှုန်းအများစုမှာ မီးဘေးကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်
■ COVID-19 ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများ ဆေးထိုးနှံပြီးကြောင်း Certificate ကို အင်္ဂလိပ်ဘာသာဖြင့် ရယူလိုပါက ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ထုတ်ယူနိုင်
■ မလေးရှားတွင် ကိုဗစ်ကူးစက်မှုများ စံချိန်တင် မြင့်တက်နေသဖြင့် ဇွန် ၁ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးကို လော့ဒေါင်းချထားမည်
■ Covid-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် အမေရိကန်နှင့် အိန္ဒိယတို့ လက်တွဲညီညီ လုပ်ဆောင်သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ပြော
■ Nike မှ အမျိုးသမီးဝန်ထမ်းအား နေမာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့