လက်သူကြွယ်အဆစ်လွဲ ဒဏ်ရာကြောင့် ရှမ်းယူနိုက်တက်အသင်း ဂိုးသမား သီဟစည်သူ (၆)ပတ်ခန့် အနားယူရဖွယ်ရှိ
ရှမ်းယူနိုက်တက်အသင်းရဲ့ ဂိုးသမား သီဟစည်သူဟာ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂)မှာ ပြိုင်ဘက်ကစားသမား သက်နိုင်နဲ့ ထိခိုက်မိပြီး လက်သူကြွယ်အဆစ်လွဲ ဒဏ်ရာရရှိခဲ့တာကြောင့် (၆)ပတ်ခန့် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။