H10N3 ကြက်ငှက်တုပ်ကွေးရောဂါ လူတွင် ပထမဆုံး ကူးစက်မှုကို တွေ့ရှိရဟု တရုတ်အာဏာပိုင်များ ထုတ်ပြန်
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်ဆုပြည်နယ်မှာ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး H10N3 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံခဲ့ရပြီး ဒါဟာ လူသားတွေကို အဆိုပါရောဂါပိုး ပထမဆုံး ကူးစက်မှု ဖြစ်တယ်လို့ တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) က ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။