ဇွန်လ ၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ အိန္ဒိယနှင့် နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်များပြားနေပြီး ကူးစက်မြန်မျိုးကွဲ ဗိုင်းရပ်စ်ပြန့်နှံ့နေမည်ကို စိုးရိမ်စရာဖြစ်လာ
■ အမြန်လမ်း zero မိုင်နှင့် လှည်းကူးမြို့နယ်၊ အမှတ် ၃ လမ်းဆုံအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ဟု ကနဦးသတင်းတွေအရ သိရ
■ မေလတွင် ငွေလဲနှုန်းဆိုးရွားလာမှုကြောင့် ထုတ်ကုန်ဈေးနှုန်း စံချိန်တင်မြင့်တက်ကာ ဆက်တိုက်ဖြစ်ပေါ်နေပါက ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ခြိမ်းခြောက်လာနိုင်ကြောင်း စစ်တမ်းတစ်ရပ်တွင်ဖော်ပြ
■ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ် ရာရရှိ
■ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးမြို့သစ်ဈေးအတွင်း ဇွန် ၂ ရက်နေ့ပေါက်ကွဲမှုကြောင့် အငြိမ်စားအထက်တန်းပြ ကျောင်းဆရာမတစ်ဦး သေဆုံး