ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ်နောက်ဆုတ်လိုက်ရတဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကို လာမယ့် ဇွန်လ (၁၁)ရက်မှာ ကျင်းပပါတော့မယ်။ တစ်ရာသီစာ လည်ပတ်တဲ့ လိဂ်ပြိုင်ပွဲတွေရဲ့ အရသာအကြောင်း ခံစားလို့မဆုံးသေးခင်မှာပဲ လက်ရွေးစင်အသင်းတွေရဲ့ ပြင်းထန်တဲ့အားစမ်းမှုနဲ့ စိန်ခေါ်ပွဲတွေ ထပ်ပြီးခံစားရပါဦးမယ်။ ကပ်ဘေးကြောင့် ယူရို-၂၀၂၀ ရဲ့ အထားအသို ပျက်သွားပေမဲ့ ယူရို -၂၀၂၀ က ပေးစွမ်းမယ့် အရသာဟာ အထားအသိုမပျက်ဘဲ ဘောလုံးပရိသတ်တွေ ရင်ထဲ တိုးဝင်လာပါဦးမယ်။ ယူရို-၂၀၂၀ မှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ။ လက်ရှိအချိန်မှာ ချန်ပီယံအဖြစ် ထိပ်ဆုံးက ရေပန်းစားနေတာ နာမည်ကြီး အင်္ဂလန်ပါပဲ။ အင်္ဂလန်ဟာ ပျိုမြစ်လင်းပနေတဲ့ ပါရမီရှင်တွေနဲ့အတူ ယူရို ချန်ပီယံဆုကို တကယ်ရယူနိုင်မှာလား။ ဒါမှမဟုတ် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်တို့ထဲက ဘယ်အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်မလဲ။ ယူရို-၂၀၂၀ မှာ ဘယ်အသင်းဗိုလ်စွဲမှာလဲ။
■ ယူရို -၂၀၂၀ မှာ ဘယ်အသင်း ဗိုလ်စွဲမှာလဲ (၂)
Most Viewed
Most Recent
10 hours ago
3 days ago
4 days ago
5 days ago