ယူရိုပြိုင်ပွဲလို့ အလွယ်ခေါ်နေကြတဲ့ ဥရောပ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲက အဆင့်ဆင့်ပြောင်း လဲတိုးတက်မှုတွေနဲ့ အတူ ကမ္ဘာ့ဘောလုံးလောက မှာ တလေးတစားစောင့်ကြည့်ခံရပြီး ကြယ်ပွင့်ကစားသမားများစွာ စီးချင်းထိုးရာ လက်ရွေးစင်အဆင့် ပြိုင်ပွဲတစ်ရပ်ဖြစ်ပါတယ်။ ချန်ပီယံဆုကို လက်ရှိအချိန် အထိ အသင်း(၁၀)သင်းကသာ ရယူထားနိုင်ပါသေးတယ်။
ဒါ့အပြင် ဆိုဗီယက်ယူနီယံကလည်း ပြိုကွဲသွားပြီဖြစ်လို့ ချန်ပီယံဆုရယူနိုင် တာ (၉)သင်းသာရှိတော့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဂျာမနီနဲ့ စပိန်တို့က ချန်ပီယံဆု(၃)ကြိမ်စီ နဲ့ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး ထူးခြား တာကတော့ ဘောလုံးဘိုးအေအဖြစ် ကျော်ကြား တဲ့ အင်္ဂလန်အသင်း ချန်ပီယံဆု ရယူဖူးခြင်းမရှိသေးတာပါ။