တရုတ်နည်းပညာခြိမ်းခြောက်မှုကိုတန်ပြန်မည့် ဥပဒေကြမ်းကိုအမေရိကန်ဆီးနိတ်အတည်ပြု

တရုတ်နည်းပညာခြိမ်းခြောက်မှုကိုတန်ပြန်မည့် ဥပဒေကြမ်းကိုအမေရိကန်ဆီးနိတ်အတည်ပြု
Published 10 June 2021

အမေရိကန် ကွန်ဂရက်က တရုတ်ကိုတင်းတင်းမာမာတုံ့ပြန်ဖို့နည်းလမ်းရှာတာတွေတိုးမြှင့် လုပ်ဆောင်လာချိန်မှာ ဇွန်လ၈ရက်နေ့က အမေရိကန်ဆီးနိတ်ဟာ တရုတ်နည်းပညာကိုယှဉ်ပြိုင်ဖို့ နိုင်ငံရဲ့စွမ်းရည်ကို မြှင့်တင်ရေး အတွက်ရည်ရွယ်ပြီး လိုအပ်တဲ့ဥပဒေတွေပြဌာန်းတာကို အတည်ပြုဖို့ထောက်ခံမဲ၆၈မဲ၊ ကန့်ကွက်မဲ ၃၂မဲပေး ခဲ့ကြပါတယ်။