ရုရှားနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ကင်မရာဆီ ပြေးသွားပြီး Chris , I Love you ဆိုပြီး လူကာကူရဲ့ မေတ္တာတရားတွေနဲ့ ဟစ်ကြွေးလိုက်တဲ့အသံဟာ ပရိသတ်တွေရဲ့ နားထဲပဲ့တင်ထပ်နေပါဦးမယ်။
လူကာကူရဲ့ " ခရစ္စရေ ... ငါ မင်းကို ချစ်ပါတယ်" ဆိုတဲ့ စကားလုံးကလည်း မေတ္တာတရား ရဲ့ မမြင်ရတဲ့ထုထည်တွေ ဘယ်လောက်တောင်ကြီးမားလဲဆိုတာကို ပြသခဲ့တာပဲပေါ့။
ဂိုးသွင်းရဖို့အတွက်ဆို ဘာမဆိုတွန်း လှန်ပစ်မယ့် ကြမ်ကြမ်းရမ်းရမ်း လူထွားကြီးတစ်ဦးရဲ့ မေတ္တာပို့သမှုက I Love You တဲ့လား။ ကမ္ဘာကြီးပေါ်မှာ မေတ္တာတရားတွေ ခမ်းခမ်းနားနားရှင်သန်နေဆဲဆိုတာကို လူကာကူဟာ အပိုင်းအစလေးတစ်ခုအဖြစ် သက်သေပြခဲ့တယ်။ ဒါကပဲ အားကစားနည်းတစ်ခု၊ ယှဉ်ပြိုင်မှုတစ်ခုဆိုတာထက်ပိုတဲ့ ဘောလုံးကမ္ဘာရဲ့ သက်ရောက်မှုတွေထဲက တစ်ခုလည်းဖြစ်ခဲ့တယ်။