■ မြန်မာနိုင်ငံတွင် COVID-19 မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၁ ဦး စတင်တွေ့ရှိပြီး စစ်ဆေးချက်အရ Alpha ၊ Delta ၊ Kappa တို့ ဖြစ်ကြောင်း ထုတ်ပြန်
■ ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းနှင့် ရန်ကုန်တိုင်းဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
■ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာ မျိုးအောင်တို့အား ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် တရားလိုအား စတင်စစ်ဆေး
■ လှည်းကူးမြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင်ကျောင်းတွင် COVID-19 ရောဂါပိုး ကူးစက်ခံရကြောင်း သတင်းများ ထွက်ပေါ်နေပြီး ကျောင်းအား ယာယီပိတ်ထား
■ သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် ရုရှားသမ္မတနှင့် မတွေ့မီ မိမိအား အရင်တွေ့သင့်ဟု ယူကရိန်းသမ္မတ ပြော
■ တာကဲရှိမ ကျွန်းအနီးတွင် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုအပေါ် ဂျပန် အစိုးရ ကန့်ကွက်ရှုတ်ချ
■ ဖရီးကစ်ကနေ မက်ဆီ ဂိုးသွင်းပေမဲ့ နိုင်ပွဲပျောက်ခဲ့တဲ့ အာဂျင်တီးနား