ကိုလံဘီယာ ရဲသင်တန်းကျောင်းကို အသေခံဗုံးဖောက်ခွဲမှုမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ELN သူပုန်အဖွဲ့ ထုတ်ဖော်ပြောကြား
ကိုလံဘီယာ လက်ဝဲဝါဒီ ELN သူပုန်အဖွဲ့က လူ ၂၀ ဦး သေဆုံးခဲ့ရတဲ့ မြို့တော် ဘိုဂိုတာရှိ ရဲသင်တန်းကျောင်း တစ်ခုကို အသေခံ ဗုံးဖောက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၁ ရက်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။